ကိုယ်တွေ့ / တစ်ကိုယ်လုံးရှိ သွေးကြောများ ရောင်ရမ်းခြင်း

Systemic Lupus Erythematosus

အမည် ဒေါ်နွယ်နွယ်ဝင်း
အသက် ၂၅ နှစ်
နေရပ် ရန်ကုန်၊ မြန်မာ။
ခံစားရသောဝေဒနာ တစ်ကိုယ်လုံးရှိ သွေးကြောများ ရောင်ရမ်းခြင်း(S.L.E)

ကျွန်မ ခံစားရတဲ့ ဝေဒနာကတော့ SLE ရောဂါဖြစ်ပါတယ်။ ၂၀၀၄ခုနှစ် ဒီဇင်ဘာလကစပြီး ကျွန်မ တဖြည်းဖြည်း ပိန်လာပြီး ကိုယ်အလေးချိန် ကျလာပါတယ်။ အစာလည်း မစားနိုင်ပါဘူး။

၂၀၀၅ခုနှစ်၊ ဇွန်လမှ အရေပြားတွင် အနီရောင် အဖုတွေပေါက်ပြီး ဖျားပါတယ်။ ဆရာဝန်ပြတော့ ရေယုံလို့ပြောပြီး၊ Antibiotics တွေပေးတော့ သက်သာပါတယ်။

၂၀၀၅ ခုနှစ်၊ ဇွန်လမှာ ကျွန်မ ထပ်ဖျားပါတယ်။ ချမ်းတုန်ပြီး ဖျားဖျားနေတော့ ဆေးရုံ တက်ရပါတယ်။ အထူးကုဆရာဝန်က ငှက်ဖျားဆေး၊ တိုက်ဖွိုက်ဆေးတွေ ပေးပါတယ်။ တစ်နေ့ (၂)ကြိမ် အဖျားတက်ပါတယ်။ အန်လည်း အန်၊ မူးလည်း မူးပြီး အစားလည်း မ၀င်ပါဘူး။ သွေးပေါင်ချိန်က BP=60/40 mmHg အထိ ကျသွားပါတယ်။

ကျွန်မ ပန်းဝတ်မှုန် (၁၀)တောင့်ကို (၁၀)မိနစ်ခြား (၄)ကြိမ်သောက်တော့ သွေးပေါင်ချိန် BP=120/80 mmHg အထိ တက်လာပါတယ်။

ဆေးရုံမှာ (၄)ရက်လောက်နေပြီး အဖျားမကျတော့ ဆရာဝန်က ကျွန်မကို Solucortef တွေ ထိုးပေးတော့မှ သက်သာလာပါတယ်။

ဆေးရုံကဆင်းပြီး အိမ်မှာ ပြန်ဖျားပါတယ်။ အဖျားက ၁၀၄ ဒီဂရီ၊ ၁၀၅ ဒီဂရီ ဖာရင်ဟိုက်အထိ တစ်နေ့ (၂)ကြိမ် တက်လာပါတယ်။ မူးတယ်။ မောတယ်။ အန်တယ်။ အသက်ရှူ ကျပ်ပါတယ်။ ဒါကြောင့် ကျွန်မ အောက်ဆီဂျင်ဗူးနဲ့ အသက်ရှူရပါတယ်။

ဆရာဝန်ပြောင်းပြတော့ ယခုလို ဖျားတဲ့အခါ (Butterfly Shape) လိပ်ပြာပုံ အနီကွက် မျက်နှာမှာ ပေါ်လာလို့ SLE လို့ သတ်မှတ်ပြီး သွေးစစ်ပါတယ်။
(၁၆)ရက် သြဂုတ်လ ၂၀၀၅ မှာ

  • RF/RA factor = positive
  • CRP (c Reactive Protein) = Positive
  • Diagnosis = S.L.E

ဒုတိယအကြိမ် ဆေးရုံတက်တော့ မူးတယ်။ မောတယ်။ ဖျားတယ်။ ဒါကြောင့် (Steroid) စတီးရွိုက်ဆေးတွေ သွင်းတော့ သက်သာလာလို့ ဆေးရုံက ဆင်းရပါတယ်။

၂၉-၈-၂၀၀၆ ကစပြီး လင်ဇီး (၁)တောင့်၊ ပန်းဝတ်မှုန် (၅)တောင့်ကို တစ်နေ့ (၁)ကြိမ်နဲ့ (၁)လ၊ လင်ဇီး (၂)တောင့်၊ ပန်းဝတ်မှုန် (၄)တောင့်ကို တစ်နေ့ (၂)ကြိမ်နဲ့ (၆)လသောက်ပါတယ်။

တုံ့ပြန်မှုက ချွေးနံ့တွေ ဆိုးရွားစွာ နံပြီးနောက်ပိုင်း ပြန်ကောင်းသွားပါတယ်။

ယခု လင်ဇီး (၁)တောင့်၊ ပန်းဝတ်မှုန် (၃)တောင့်ကို တစ်နေ့ (၃)ကြိမ် ဆက်သောက်နေပါတယ်။ ယခု သက်သာသွားပြီး အလုပ်လည်း လုပ်နိုင်ပါပြီ။ နေပူဒဏ်၊ အမောဒဏ်လည်း ခံနိုင်ပြီး မဖျားတော့ပါဘူး။