ကိုယ်တွေ့ / မြွေဟောက်ကိုက်ခံရခြင်း

မြွေဟောက်ကိုက်ခံရခြင်း

အမည် မောင်ငွေဖြိုးဇင်
အသက် ၁၂ နှစ်
နေရပ် ၂၀ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ မြန်မာ။
ခံစားရသောဝေဒနာ မြွေဟောက်ကိုက်ခံရခြင်း (Snake Cobra) Bite
မျှဝေခံစားသူ မောင်ငွေဖြိုးဇင်၏ ဖခင်

ကျွန်တော် မျှဝေခံစားမှာကတော့ မြွေဟောက်ကိုက်ခံရပြီး မသေဘဲ ပြန်ရှင်သန်လာခဲ့ရခြင်း အကြောင်း ဖြစ်ပါတယ်။

၁၉-၂-၂၀၀၅ (စနေနေ့) ညနေ (၃း၄၅)မိနစ်မှာ ဆော့ကစားနေရင်း အကောင်(၁)ကောင် အကိုက်ခံရတယ် ဆိုပြီး ပြေးလာပါတယ်။ အကောင်ကိုက်တဲ့ နေရာကို ကြည့်တော့ သူရဲ့ ခြေထောက်မှာ အပေါက်ကလေး (၂)ပေါက် တွေ့ရပါတယ်။ ဒါမြွေကိုက်တာဆိုပြီး ကျွန်တော် ဆေးကြောသန့်စင်ပေးပါတယ်။ ပြီးတော့ သွေးတွေ ညှစ်ထုတ်ပေးပါတယ်။ တောင်ဒဂုံဆေးရုံမှာ ဆေး(၁)လုံးထိုးပြီး ကလေးကို စံပြဆေးရုံကို ခေါ်သွားပါတယ်။ သွေးစစ်တော့ သွေးက ခဲစပြုနေပါပြီ။

စံပြဆေးရုံကို လွှဲပေးလိုက်ပါတယ်။ လမ်းမှာ သတိမလစ်အောင် စကားတွေ ပြောလာခဲ့တယ်။ ဘုရားလမ်းမှတ်တိုင်မှာ နှုတ်ခမ်းတွေပြာပြီး အသားတွေ မဲလာပါတယ်။ စကားတွေ လေးလာတယ်။

ကုသမှုခံယူခဲ့ပုံ

ဆေးရုံရောက်တော့ မြွေဟောက် ကိုက်တယ်ဆိုပြီး ICU ထဲ ထည့်ထားလိုက်တယ်။ ကျွန်တော့်သားဟာ အသက်ရှူရပ်သွားလို့ စက်နဲ့ oxygen သွင်းပေးထားရတယ်။ နှလုံးကိုလည်း စက်နဲ့ ခုန်ခိုင်းနေရပါတယ်။

ကျောတွေ၊ နှုတ်ခမ်းတွေ၊ တင်ပါးတွေမှာ အနာတွေ ပေါက်ပါတယ်။ ကျွန်တော် စိတ်မကောင်း ဖြစ်မိတယ်။

ဓာတ်စာနှင့် တွေ့ရှိသုံးစွဲခဲ့ပုံ

ရက် (၃၀)လောက် ကြာတဲ့အခါ ကျွန်တော့်ကို မိတ်ဆက်ပေးမှုကြောင့် ဒီဓာတ်စာကို သိခဲ့ရပြီး လင်ဇီး (၅)လုံး၊ ပန်းဝတ်မှုန် (၁၀)လုံးကို ရေသန့်ဗူးနဲ့ ဖျော်ပြီး အစာပိုက်ထဲက ထည့်ပါတယ်။

(၃)ရက်လောက်မှာ ဆီးအညိုတွေသွားပြီး ၀မ်းအမည်းတွေပါ ပါလာတယ်။ သူရဲ့ အနာတွေကတော့ တဖြည်းဖြည်း ကျက်လာပြီး ပျောက်သွားပါတယ်။ ဆေးရုံက ဆင်းခွင့်ရပြီး တစ်ပါတ်တစ်ခါ ဆေးရုံပြန်ပြတော့ ကလေးရဲ့ အခြေအနေက ကောင်းပါတယ်။ ဦးနှောက်အာရုံကြော ဆရာဝန်တွေနဲ့ ပြမယ်ဆိုပြီး ကလေးဆေးရုံကြီးက ဦးနှောက်အာရုံကြောဌာနမှာ CT scan ရိုက်ကြည့်တော့ ဦးနှောက်က ကောင်းပါတယ် ဆိုပြီး ပါရဂူတွေနဲ့ တိုင်ပင်တဲ့အခါ သူ့အခြေအနေကတော့ ကောင်းပါတယ်။ လေ့ကျင့်ခန်း လုပ်ရမယ်ဆိုပြီး မရမ်းကုန်းမြို့နယ်မှာရှိတဲ့ အမျိုးသား ပြန်လည်သန်စွမ်းရေးဌာနမှာ လေ့ကျင့်ခန်း သွားလုပ်ရပါတယ်။ ငါးရက်လောက် လေ့ကျင့်ခန်းလုပ်ပြီး မျက်လုံးတွေ ပြန်မြင်လာတယ်။ စကားတွေ ပြောနိုင်လာတယ်။ လှဲနေရာကနေ ထိုင်လာနိုင်ပြီး လမ်းတွေလည်း လျှောက်နိုင်လာပါတယ်။

ဓာတ်စာစားနှုန်း

လင်ဇီး (၅)တောင့်၊ ပန်းဝတ်မှုန် (၁၀)တောင့် တစ်နေ့ (၃)ကြိမ်နဲ့ (၁)လ

လင်ဇီး (၃)တောင့်၊ ပန်းဝတ်မှုန် (၆)တောင့် တစ်နေ့ (၃)ကြိမ်နဲ့ (၁)လ

လင်ဇီး (၂)တောင့်၊ ပန်းဝတ်မှုန် (၄)တောင့် တစ်နေ့ (၃)ကြိမ်နဲ့ (၂)လ

လင်ဇီး (၁)တောင့်၊ ပန်းဝတ်မှုန် (၂)တောင့် တစ်နေ့ (၃)ကြိမ်နဲ့ (၂)လဆက်လက် တိုက်ကျွေး ခဲ့ပါတယ်။

ကုသမှုခံယူခဲ့ပုံ

ယခုလောလောဆယ်မှာ လ္ဘက်ခြောက်အနီနဲ့ အ၀ါကို ဆက်လက် တိုက်ကျွေးနေပါတယ်။