ကိုယ်တွေ့ / နှလုံးအဆို့ရှင် (၂)ခု ပျက်စီးခြင်း

နှလုံးအဆို့ရှင် (၂)ခု ပျက်စီးခြင်း

အမည် မအိသဇင်
အသက် ၂၇ နှစ်
နေရပ် ရန်ကုန်၊ မြန်မာ။
ခံစားရသောဝေဒနာ လေးဘက်နာပိုးကြောင့် နှလုံးအဆို့ရှင် (၂)ခု ပျက်စီးခြင်း

ကျွန်မဖြစ်တဲ့ရောဂါက လေးဘက်နာပိုးကြောင့် နှလုံးအဆို့ရှင် (၂)ခု ပျက်စီးသွားတဲ့ရောဂါ ဖြစ်ပါတယ်။ ကျွန်မ အသက်(၁၄)နှစ်လောက်မှာ အဆစ်အမြစ်တွေ အရမ်းကိုက်ပြီး ရောင်လာပါတယ်။

ဆေးစစ်ကြည့်တဲ့အခါ ASO က ၂၆၀ U/ml ဆိုတာ တွေ့ရပါတယ်။

ဆရာဝန်ပေးတဲ့ ဆေးကို သောက်တဲ့အခါ သက်သာသွားလိုက်၊ တစ်ခါပြန်ကိုက်လိုက် ဖြစ်တတ်ပါတယ်။

၂၀၀၄ခုနှစ် ကျွန်မ အသက် (၂၄)နှစ်မှာ အဆစ်တွေ အရမ်းကိုက်ပြီး မနေနိုင် မထိုင်နိုင် ဖြစ်လာပါတယ်။ လေးငါးလှမ်းလောက် လှမ်းလိုက်ရင်လည်း မောလာပါတယ်။ ညဘက် အိပ်မပျော်ဘူး။ အရမ်းလည်း မောလာပါတယ်။ ကျပ်လည်း ကျပ်ပါတယ်။ ဘုရားရှိခိုးဖို့တောင် မထိုင်နိုင်တော့ဘူး။ တဖြည်းဖြည်းနဲ့ လှုပ်တာနဲ့တောင် မောလာပါတယ်။ ASO စစ်ကြည့်တော့ ၃၅၀ ဖြစ်နေပါတယ်။

ဆရာဝန်ကတော့ လေးဖက်နာပိုးကြောင့် နှလုံးအဆို့ရှင် (၂)ခု ပျက်စီးသွားပြီလို့ ပြောပါတယ်။

ဆရာဝန်က ဒီရောဂါမျိုးက တစ်သက်လုံး မပျောက်နိုင်တော့ဘူး။ ဒီထက် အခြေအနေ ဆိုးလာရင် ခွဲရမယ်လို့ ပြောပါတယ်။

ကျွန်မလည်း ကိုယ့်ရဲ့ အသက်ဘေးနဲ့ ကြုံတဲ့အခါ ကျွန်မ ကျောင်းသူဘ၀တုန်းက လေ့လာထားခဲ့တဲ့ အတွက် လင်ဇီးနဲ့ ပန်းဝတ်မှုန်ကို ကျွန်မ သောက်သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်မ ဒီဓာတ်စာကို PenV (ပန်ဗွီ) ပင်နယ် ဆလင်ဆေးပြားနဲ့ တွဲသောက်ပါတယ်။

ကျွန်မဒီဓာတ်စာကို (၉-၅-၂၀၀၄)နေ့က စတင်သောက်သုံးခဲ့ပါတယ်။

လင်ဇီး (၁)တောင့်၊ ပန်းဝတ်မှုန် (၅)တောင့်ကို တစ်နေ့ (၃)ကြိမ်နဲ့ (၁၀)ရက်

လင်ဇီး (၁)တောင့်၊ ပန်းဝတ်မှုန် (၄)တောင့်ကို တစ်နေ့ (၃)ကြိမ်နဲ့ (၁၀)ရက်

လင်ဇီး (၁)တောင့်၊ ပန်းဝတ်မှုန် (၃)တောင့်ကို တစ်နေ့ (၃)ကြိမ်နဲ့ (၆)ရက်

လင်ဇီး (၁)တောင့်၊ ပန်းဝတ်မှုန် (၂)တောင့်ကို တစ်နေ့ (၃)ကြိမ်နဲ့ (၁)ရက်

လင်ဇီး (၁)တောင့်၊ ပန်းဝတ်မှုန် (၂)တောင့်ကို တစ်နေ့ (၂)ကြိမ်နဲ့ (၁)နှစ်နဲ့ (၄)လ သောက်ပါတယ်။

နောက်ပိုင်းမှာ ကျွန်မနိုင်တဲ့နှုန်းနဲ့ လင်ဇီးနဲ့ ပန်းဝတ်မှုန်ကို ဆေးလက်ဖက်ခြောက် အနီနဲ့ အ၀ါကို တွဲသောက်ပါတယ်။ ဓာတ်စာစားပြီး (၁၀)လအကြာမှာ ASO ပြန်စစ်တော့ (၁၀၀) U/ml ဖြစ်နေပါတယ်။ ဆရာဝန် စမ်းသပ်ကြည့်တော့လည်း တော်တော်လေး ကောင်းနေတာ တွေ့ရပါတယ်။ ဓာတ်စာစားပြီး (၁)နှစ်နဲ့ (၇)လမှာ Echo: ပြန်ရိုက်တော့ နှလုံးအဆို့ရှင် (၁)ခုသာ နည်းနည်းပျက်စိးနေတာကိုပဲ တွေ့ရပါတော့တယ်။ ဒါကိုလည်း ကျွန်မ ဓာတ်စာဆက်စားရင် လုံးဝပျောက်ကင်းသွားမှာလို့ ယုံကြည် ပါတယ်။ ကျွန်မ မခွဲမစိတ်ရပဲ ယခုလို သက်သာပျောက်ကင်းသွားလို့ အရမ်းကို ၀မ်းသာနေမိပါတယ်။