ကိုယ်တွေ့ / ကျောက်ကပ်ရောင်၊ ဆီးထဲအနည်ပါခြင်း

ကျောက်ကပ်ရောင်၊ ဆီးထဲအနည်ပါခြင်း

အမည် မောင်စည်သူမျိုးဆက်
အသက် ၅ နှစ်ခွဲ
နေရပ် ရန်ကုန်၊ မြန်မာ။
ခံစားရသောဝေဒနာ ကျောက်ကပ်ရောင်၊ ဆီးထဲအနည်ပါခြင်း။
မျှဝေခံစားသူ မောင်စည်သူမျိုးဆက်၏ မိခင်

ကျွန်မသားဖြစ်ခဲ့တဲ့ ရောဂါကတော့ Nephrotic Syndrome ခေါ် ကျောက်ကပ်ရောင်ရောဂါ ဖြစ်ပါတယ်။

ကလေး (၁၀)လသားလောက်မှာ မကြာခဏ ဖျားတဲ့အတွက် ကလေးအထူးကု ဆရာဝန်ကြီးနဲ့ သွားပြပါတယ်။

ဓာတ်မှန် ရိုက်ကြည့်တဲ့အခါ T.B Suspect လို့ပြောပြီး တီဘီဆေး တိုက်ပါတယ်။

တီဘီဆေး တိုက်ပြီး (၃)လခွဲလောက်အကြာ နံနက် မိုးလင်း အိမ်ယာထတဲ့အခါ ကလေးရဲ့ မျက်ခွံတွေ ဖောင်းနေပါတယ်။ ဒါဟာ ကျောက်ကပ်ရောင်တဲ့ လက္ခဏာ ဖြစ်ပါတယ်။

(၂)ပတ်ကြာတဲ့အခါ ကလေးဟာ အပျင်းဖျားလာပါတယ်။ အဖျား (၁၀၄/၁၀၅ံ)လောက်ထိ အဖျားတက်ပြီး ဖောရောင်နေတဲ့အတွက် ဆရာဝန်က သွေးတွေ ဆီးတွေ စစ်ခိုင်းပါတယ်။

ဆရာဝန်က သွေးတွေ ဆီးတွေ စစ်ခိုင်းပါတယ်။

ဆရာဝန်က ကျောက်ကပ်ရောင် နေတဲ့အတွက် သားကို ကလေးဆေးရုံ တက်ခိုင်းပါတယ်။

၁၉-၉-၂၀၀၁ ခုနှစ်မှာ ကလေးဆေးရုံကို တက်ခဲ့ရပါတယ်။ ကလေးဆေးရုံမှာ (၁)ပတ် ကြာပါတယ်။ ကလေးရဲ့ တစ်ကိုယ်လုံးဟာ ဖောရောင်နေပါတယ်။

မသက်သာတဲ့အတွက် ၂၅-၉-၂၀၀၁ ခုနှစ်မှာ ဆီးနဲ့ ကျောက်ကပ်ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ ဆီးနဲ့ ကျောက်ကပ်ဆေးရုံမှာ (၁)ပတ် ကုသမှု ခံယူရပါတယ်။ ဆရာဝန်ကြီးရဲ့ ညွှန်ကြားချက်နဲ့ တီဘီဆေးတွေ ဖြတ်ပစ်ခဲ့ပါတယ်။

ဆရာဝန်ကြီးက ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ကုသမှု (Treatment) တွေ ပေးခဲ့ပါတယ်။ ကလေးကို တစ်နေ့ Prednisolone (၆)လုံးနှုန်း နံနက်တိုင်း တိုက်ခဲ့ပါတယ်။ ဆီးဆေးတွေနဲ့ တွဲပြီး တိုက်ပါတယ်။

သားဟာ ဆေးစားနေစဉ် ဆီးဟာ ပုံမှန်ဖြစ်ပေမယ့် ဆေးဖြတ်လိုက်တဲ့အခါ ဆီးမှာ အဖြူအနှစ်တွေ အဖတ်တွေ Solid ဖြစ်နေပါတယ်။

အဲဒီလိုနဲ့ ကလေးမှာ လုံးဝ Prednisolone ဖြတ်လို့ မရပါဘူး။ ကလေးရဲ့ အခြေအနေကို ဆရာဝန်ကြီးကို မေးကြည့်တဲ့အခါ ကလေးဟာ ဆေးကို မှီနေရတယ်။ ပျောက်ဖို့ဆိုတာ ကလေးရဲ့ ကုသိုလ်ကံပဲ။ ကလေး(၅)နှစ်ကျော်လာတဲ့အခါ ပျောက်ချင်လည်း ပျောက်သွားမယ် (သို့မဟုတ်) အသက်ကြီးတဲ့အထိ ကလေးဟာ ကျောက်ကပ်ရောဂါကို ခံစားသွားရမှာ ဖြစ်တယ်။

ဆေးအပေါ်မှာသာ မှီခိုနေရတာကြောင့် ကျွန်မ ကလေးအတွက် ကျွန်မ သောက ရောက်ခဲ့ရပါတယ်။

ကလေးဟာ ပါးကြိတ်တွေ ဖောင်းပြီး အမောဒဏ်လည်း မခံနိုင်ပါဘူး။ ဆေးရဲ့ ဘေးထွက် ဆိုးကျိုးတွေကြောင့် တစ်ကိုယ်လုံးမှာ အမွှေးအမျှင်တွေ ပေါက်လာပါတယ်။

ကျွန်မ ဘေးထွက်ဆိုးကျိုး မရှိတဲ့ ဆေးကို တိုက်ချင်တဲ့အတွက် လေ့လာခဲ့ပါတယ်။ သဘာကျလို့ ၁၂-၂-၂၀၀၄ ခုနှစ်မှာ ဒီဓာတ်စာကို စတင် တိုက်ကျွေးခဲ့ပါတယ်။

ပထမဆုံး လ္ဘက်ခြောက်အ၀ါ (၁)ထုပ်၊ ပန်းဝတ်မှုန် (၂)တောင့် တစ်နေ့ (၂)ကြိမ်နှုန်းနဲ့ (၁)လ

အဲဒီနောက် လင်ဇီး(၁)တောင့်၊ ပန်းဝတ်မှုန် (၂)တောင့် တစ်နေ့ (၂)ကြိမ်နှုန်းနဲ့ (၅)လ၊ လင်ဇီး (၁)တောင့်၊ ပန်းဝတ်မှုန် (၂)တောင့်၊ တစ်နေ့ (၁)ကြိမ်နှုန်းနဲ့ (၁)လ၊ လင်ဇီး (၁)တောင့်၊ ပန်းဝတ်မှုန် (၂)တောင့်၊ တစ်နေ့ (၃)ကြိမ်နှုန်းနဲ့ (၁)လ၊ လင်ဇီး(၂)တောင့်၊ ပန်းဝတ်မှုန် (၄)တောင့် တစ်နေ့ (၃)ကြိမ်နှုန်းနဲ့ (၁၅)ရက်၊ လင်ဇီး (၁)တောင့်၊ ပန်းဝတ်မှုန် (၂)တောင့်၊ တစ်နေ့ (၁)ကြိမ်နှုန်းနဲ့ (၇)လ၊ လင်ဇီး (၁)၊ ပန်းဝတ်မှုန် (၁)တောင့် တစ်နေ့ (၁)ကြိမ်နဲ့ (၆)လကျော်၊ ယနေ့အချိန်အထိ လ္ဘက်ခြောက်အနီ (၁)ထုပ်၊ အ၀ါ (၁)ထုပ်စီနဲ့ တွဲတိုက်ခဲ့ပါတယ်။

ဓာတ်စာ စစားပြီး (၃)ရက်အကြာမှာ အဖျားတွေ တက်ပြီး ၀မ်းမည်းမည်းတွေ သွားပါတယ်။ ဓာတ်စာ စကျွေးတဲ့ အချိန်ကစပြီး ယနေ့အချိန်အထိ ဆေးခန်း သွားမပြရတော့ပါဘူး။ ဓာတ်စာ စစားပြီး (၆)လအထိ ဆီးထဲမှာ အနည်မပါခဲ့ပါဘူး။

(၆)လနောက်ပိုင်း (၁)လ တစ်ကြိမ် အနည်ပြန် ပါပါတယ်။ Prednisolone (၂)လုံးလောက်နဲ့ ဒီဓာတ်စာကို (၂)ကြိမ် (၃)ကြိမ် ပြန်ပြီး တိုက်လိုက်ရင် (၃)ရက်လောက်မှာ clear ပြန်ဖြစ်သွားပါတယ်။

ယခုဆို ကလေးဟာ အထပ် (၆)လွှာကိုတောင် ဆင်းလိုက်တက်လိုက်နဲ့ မောခြင်းပန်းခြင်း မရှိဘဲ ပြေးလွှား ဆော့ကစား နေနိုင်ပါပြီ။