ကိုယ်တွေ့ / သွေးတိုး၊ လေးဘက်နာ၊ လိပ်ခေါင်း

သွေးတိုး၊ လေးဘက်နာ၊ လိပ်ခေါင်း

အမည် ဦးသောင်းလှ
အသက် ၇၂ နှစ်
နေရပ် ရန်ကုန်၊ မြန်မာ။
ခံစားရသောဝေဒနာ သွေးတိုး၊ လေးဘက်နာ၊ လိပ်ခေါင်း

ဒီဓာတ်စာနဲ့ မတွေ့ခင်က နေ့တိုင်း သွေးတိုးတက်ပြီး၊ အမြဲတမ်း အကြောတွေ တက်ပါတယ်။ အဆစ်အမြစ် တွေလည်း နာတယ်။ ဆရာဝန်တွေနဲ့ နေ့တိုင်း ဆေးထိုးနေရတယ်။

ရန်ကုန်မှာ ပါရဂူတွေနဲ့ ပြတယ်။ ပြတော့လည်း ဒီအတိုင်း ဖြစ်နေပါတယ်။

ပက်လက်အိပ်ရင် ရင်ဘတ်ထဲမှာ ကျပ်လာတယ်။ နှလုံးအထူးကုနဲ့ ပြတော့ စမ်းသပ်ကြည့်တဲ့အခါ နှလုံးရောဂါ မရှိကြောင်း သိရပါတယ်။ သုံးပတ်ဆက်ပြတော့ သွေးထဲမှာ အဆီဓာတ်တွေ များနေတာ တွေ့ရတယ်။

လေ့လာပြီး လင်ဇီး(၂)တောင့်၊ ပန်းဝတ်မှုန်(၄)တောင့်ကို တစ်နေ့ (၃)ကြိမ်နှုန်းနဲ့ လက်ဖက်ခြောက် (၃)ထုပ်ကိုလည်း နေ့တိုင်း သောက်ပါတယ်။

အဲဒီလို သောက်တဲ့အခါ သွေးတိုးလည်း မတက်တော့ဘူး။ အကြောတွေလည်း မတက်တော့ပါဘူး။ ခေါင်းတွေကြည်ပြီး ကိုယ်အလေးချိန်လည်း ကျသွားပါတယ်။

တုံ့ပြန်မှုအနေနဲ့ (၁၅)ရက်လောက်မှာ ၀မ်းတွေ တအားသွားပြီး ပေါ့ပါးသွားပါတယ်။

သုံးလလောက် နေ့စဉ် သောက်သုံးတဲ့အခါ လိပ်ခေါင်းရောဂါ ပျောက်သွားပါတယ်။

တုံ့ပြန်မှုအနေနဲ့ (၃)လခွဲ ဓာတ်စာ စားပြီးတဲ့အခါ တစ်ကိုယ်လုံး အသားတွေ ယားလာတယ်။ အနီအဆုပ် အဆုပ်ကြီးတွေ တစ်ကိုယ်လုံး ဖြစ်တယ်။ ဓာတ်စာကို လင်ဇီး (၄)တောင့်၊ ပန်းဝတ်မှုန် (၈)တောင့်ကို တစ်နေ့ (၃)ကြိမ်အထိ တိုးသောက်ပါတယ်။

(၄)လလောက်မှာ တုံ့ပြန်မှုက ပြင်းထန်လာပါတော့တယ်။ ခြေထောက်တွေ အကြီးကြီး ဖြစ်လာတယ်။ အသားတွေ ကွဲပြီး အရည်တွေ ထွက်နေပါတယ်။ ကောင်းစွာ လေ့လာထားတဲ့ အတွက် ဓာတ်စာကို ယုံယုံကြည်ကြည်နဲ့ တိုးသောက်ပါတယ်။

(၃)ရက်တိတိမှာ အနီအဆုပ်အဆုပ်ကြီးတွေ အလွှာလိုက် ကွာကျတယ်။

အဲဒီအချိန်မှာ ကိုယ်တိုက် အစိုထိန်းရည်နဲ့ ဆေးကြောပြီး လင်ဇီး (၃)တောင့်ကို ဘာမီတွန် (၃)ပြား ကြိတ်ထားတာနဲ့ ရောလိမ်းပါတယ်။

အဲဒီအချိန်မှာ တော်တော်လေး သိသိသာသာ သက်သာလာပါတယ်။

ယခု ကောင်းသွားတဲ့အခါ လူငယ်တွေနဲ့ ခါးတောင်းကျိုက်ပြီး ခြင်းတောင် ခတ်နိုင်နေပါပြီ။