ကိုယ်တွေ့ / ပြန်ရည်ကျိတ်ကင်ဆာ

ပြန်ရည်ကျိတ်ကင်ဆာ

အမည် နေလင်းအောင်
အသက် ၂၃ နှစ်
နေရပ် လသာမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ခံစားရသောဝေဒနာ လေးဘက်နာ၊ အာသီးရောင်၊ ၀က်ခြံပေါက် (Hodgkin's Lymphoma)

ကျွန်တော် ဒီဓာတ်စာ မစားမီက မကြာခဏ အအေးမိခြင်း၊ နှာစေး၍ ဖျားပါတယ်။ နိုဝင်ဘာလ (၂၀၀၅)၊ လလယ်လောက်မှာ လည်ပင်းမှာ အကျိတ်တွေ ထွက်လာပါတယ်။ ညမှာ ကိုယ်အပူချိန် တက်၍ ဖျားပါတယ်။ ဓာတ်မှန်ရိုက်ကြည့်တော့ အဆုတ်မှာပါ အကျိတ်တွေ တွေ့ရပါတယ်။

၂-၂-၂၀၀၆ မှာ လင်ဇီး (၁)တောင့်၊ ပန်းဝတ်မှုန် (၂)တောင့် (၂)ကြိမ်နှုန်းနဲ့ လက်ဖက်ခြောက် အနီနဲ့ အ၀ါ ကိုပဲ တွဲသောက်ခဲ့ပါတယ်။

၁၄-၂-၂၀၀၆ မှာ ဘယ်ဘက်လည်ပင်းက အကျိတ်ကို ခွဲထုတ်၍ Biopsy လုပ်ပါတယ်။ လင်ဇီး (၁၀)တောင့်၊ ပန်းဝတ်မှုန် (၁၀)တောင့်နှုန်း တစ်နေ့ (၂)ကြိမ် သောက်ထား၍ ခွဲစိတ်တဲ့ ဒဏ်ကို ခံနိုင်ခဲ့ပါတယ်။ အိမ်ရောက်တဲ့အခါ ခွဲထားတဲ့ ဒဏ်ရာကို လင်ဇီးမှုန့်နဲ့ Ganoderma သွားတိုက်ဆေးကို လိမ်းပေး၍ အကျက်မြန်ပါသည်။

Biopsy Result က Hodgkin's Lymphoma Stage II B လို့ သိရပါတယ်။

၂-၃-၂၀၀၆ မှာ Chemotherapy စသွင်းခဲ့ပါတယ်။

တစ်နေ့ကို လင်ဇီး (၂၀)၊ ပန်းဝတ်မှုန် (၂၀)၊ လက်ဖက်ခြောက်အနီနဲ့ အ၀ါကို တွဲပြီး သောက်ထားတဲ့ အတွက် chemotherapy ရဲ့ ဘေးထွက် ဆိုးကျိုးတွေဖြစ်တဲ့ အော့အန်တာ၊ မူးမော်တာ၊ ကိုယ်လက် မအီမသာ ဖြစ်တာတွေ သိပ်မခံစားခဲ့ရပါဘူး။

တုံ့ပြန်မှုအနေနဲ့ ၀မ်းချုပ်တယ်။ ယားပြီး အနီကွက်တွေ ပေါ်တယ်။ ခေါင်းမှာ အနာစိမ်းတွေ ပေါက်ပါတယ်။

တတိယအကြိမ် chemotherapy သွင်းပြီးတော့ ဓာတ်မှန် ရိုက်ကြည့်တဲ့အခါ အဆုတ်မှာ အကျိတ်တွေ မတွေ့ရတော့ပါဘူး။

၉-၅-၂၀၀၆ မှာ ညာဘက်က လည်ပင်း အကျိတ်တွေကိုတော့ ဆရာဝန်က ဓာတ်ကင်ခိုင်း၍ (၂၅)ကြိမ် ကင်ခဲ့ရပါတယ်။ ဓာတ်ကင်တဲ့အခါမှာ တစ်နေ့ကို လင်ဇီးအတောင့်(၂၀)၊ ပန်းဝတ်မှုန် အတောင့် (၂၀) သောက်ထားတဲ့အတွက် ဓာတ်ကင်ရာမှာ ဖြစ်ပေါ်တတ်တဲ့ အသားအရည် မွဲခြောက်တာ၊ ဆံပင်ကျွတ်တာ၊ လည်ပင်းနာတာတွေ မရှိခဲ့ပါဘူး။

၂၇-၁၁-၂၀၀၆ chemotherapy (၂)ကြိမ်မြောက် သွင်းတဲ့အခါ လင်ဇီး (၂၀)၊ ပန်းဝတ်မှုန် (၂၀)ကို အဖေနဲ့ အမေက နေ့စဉ် ပုံမှန်တိုက်တဲ့အတွက် chemotherapy ရဲ့ ဘေးထွက်ဆိုးကျိုး ဒဏ်ကို မခံစားခဲ့ရပါဘူး။

ယခုအချိန်မှာ ဝေဒနာတွေ သက်သာ ပျောက်ကင်းသွားပြီဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရလာပြီး တက်ကြွဖျတ်လတ်နေပါပြီ။

တစ်နေ့ကို လင်ဇီး (၆)တောင့်၊ ပန်းဝတ်မှု (၁၂)တောင့်နှုန်း တစ်နေ့ (၂)ကြိမ်နှုန်း ဆက်လက် သောက်သုံးနေပါတယ်။