Testimonials /

Diabetic Foot

Diabetic Foot

အမည် ဒေါ်ကြူကြူ
အသက် ၅၅ နှစ်
နေရပ် စစ်ကိုင်းမြို့၊ စစ်ကိုင်းတိုင်း၊ မြန်မာ
ခံစားရသောဝေဒနာ ဆီးချို၊ သွေးချို (Diabetic Foot)

ဒီဓာတ်စာနဲ့ မတွေ့မီ ကျန်းမာရေး အခြေအနေ

လွန်ခဲ့တဲ့ (၁၅)နှစ်ကတည်းက သွေးချို၊ ဆီးချို ဝေဒနာကို ခံစားခဲ့ရပါတယ်။ လမ်းလျှောက်ရင် နုံးတယ်။ မောပန်းနေတတ်ပါ။

အဆိုးဆုံးက ၂၀၀၅ခုနှစ် နောက်ပိုင်းမှာ သွေးချို၊ ဆီးချိုရဲ့ ရောဂါလက္ခဏာတွေ ပြလာပါ တော့တယ်။ လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး။ မောပန်းလွယ်ပြီး၊ ခန္ဓာကိုယ်မှာ ပူလောင်နေတတ်ပါတယ်။

၂၀၀၆ ခုနှစ်၊ နိုဝင်ဘာလလောက်မှာ ညာဘက်ခြေထောက်မှာ အရည်ကြည်ဖုဖြစ်ပြီး ခြေဖမိုးအထိ အနာက ဆက်ဖြစ်လာပါတယ်။

ဆေးခန်းမှာ ဆရာဝန်နဲ့ ပြပြီး၊ ဆေးထိုးဆေးသောက်ပေမယ့် မသက်သာခဲ့ပါဘူး။

တိုင်းရင်းဆေးနဲ့ ကုလိုက်၊ ဆေးခန်းမှာ ဆရာဝန်နဲ့ ပြလိုက်လုပ်ရင်း ဆရာဝန်နဲ့ သွေးချိုစစ်ကြည့်တော့ သွေးသကြားဓာတ် (၅၅၀)အထိ တက်နေပါတယ်။

ဒီဓာတ်စာနှင့် တွေ့ရှိပုံ၊ ဓာတ်စာစားနှုန်း

အမျိုးသားက ဒီဓာတ်စာကို လေ့လာပြီး တစ်နေ့ကို လက်ဖက်ခြောက်အနီ (၁)ထုပ်၊ အ၀ါ (၁)ထုပ်ကို တစ်နေ့ (၂)ကြိမ်နှုန်းနဲ့ (၁၀)ရက်၊ ပန်းဝတ်မှုန် (၅)တောင့်၊ တစ်နေ့ (၃)ကြိမ်နှုန်းနဲ့ (၁၀)ရက် သောက်ပါတယ်။

ဇန်န၀ါရီလ (၂၀၀၇)ခုနှစ်မှာ လင်ဇီး (၅)တောင့်၊ ပန်းဝတ်မှုန် (၁၀)တောင့်နှုန်း တစ်နေ့ (၂)ကြိမ် သောက်ခဲ့ပါတယ်။ ဓာတ်စာ မစားမီက ဖျားပါတယ်။ ဓာတ်စာ စားပြီးတော့ မဖျားတော့ပါဘူး။

ဒီဓာတ်စာ၏ ထူးခြားမှုနှင့် တုံ့ပြန်မှု

Recaction (တုံ့ပြန်မှုအနေနဲ့) ကျွန်မမှာ ၀မ်းမည်းမည်းတွေ (၇)ရက်၊ (၈)ရက် သွားပါတယ်။ ခြေထောက်ကလည်း (၃)လလောက်မှာ တဖြည်းဖြည်း သက်သာလာတော့ ခြေဖနောင့်ကို အားပြုပြီး ကျွန်မ လမ်းလျှောက်နိုင်ခဲ့ပါတယ်။ အလုပ်တွေလည်း လုပ်နိုင်ခဲ့ပါတယ်။

ယခုလက်ရှိအခြေအနေ

ယခုအချိန်မှာတော့ ခြေဖမိုးက အနာကောင်းစွာ ကျက်သွားပြီး၊ သွေးချိုဟာ Random Blood Sugar (RBS) "200" လောက်သာ ရှိပါတော့တယ်။

ဓာတ်စာ မစားသုံးလျှင် ကျွန်မခြေထောက် ဖြတ်ရမှာ ဖြစ်ပါတယ်။

ဒီဓာတ်စာကြောင့် ကျွန်မ ခြေထောက် မဖြတ်ရတော့ဘဲ၊ သွေးချို၊ ဆီးချိုကို ကောင်းစွာ ထိန်းသိမ်းနိုင်ပြီး ကျန်းမာလာတာဖြစ်ပါတယ်။