Company Profile

တည်တောင်သူ၏ စကား

ကျွန်မအမေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျွန်မဟာ လင်ဇီးဓာတ်စာကို ထိတွေ့ခွင့်ရခဲ့ပါတယ်။ ကျွန်မဟာ အနောက်တိုင်း ဆရာဝန်တစ်ယောက် ဖြစ်ပေမယ့် ပြီးပြည့်စုံတဲ့ သုတေသနစာတမ်းတွေနဲ့ ကိုယ်တွေ့မှတ်တမ်းတွေကြောင့် လင်ဇီးဓာတ်စာအပေါ်မှာ ယုံမှားသံသယ ကင်းခဲ့ရသလို မိခင်ဖြစ်သူ ခံစားနေရတဲ့ နာတာရှည် အိပ်မရ ဝေဒနာဟာလည်း လုံးဝပျောက်ကင်းခဲ့လို့ ပိုမိုယုံကြည်ခဲ့ပါတယ်။ အထူးသဖြင့် ကင်ဆာရောဂါအပေါ်မှာ လင်ဇီးဓာတ်စာရဲ့ ထိရောက်တဲ့ အကျိုးအာနိသင်တွေကို ကိုယ်တိုင် သေချာသိလာတဲ့အခါ ကင်ဆာဝေဒနာရှင် အဖေဖြစ်သူကြောင့် ကျွန်မခံစားခဲ့ရတဲ့ ဝမ်းနည်းမှုတွေ၊ ကြောက်ရွံ့မှုတွေကို ပယ်ဖျောက်နိုင်ခဲ့ပါတယ်။

ကျွန်မဟာ ထေရဝါဒ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်တာနဲ့အညီ ဒါနနဲ့ ကုသိုလ်ရေးဆိုင်ရာ ယုံကြည်စိတ် ထက်သန်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ် မြန်မာနိုင်ငံမှာ တရားစခန်းဝင်ရာမှ သာသနာ့ဝန်ဆောင်နေတဲ့ ဆရာတော်၊ သံဃာတော်များဟာ ကျန်းမာရေးကြောင့် သာသနာရေးဆိုင်ရာ လုပ်ငန်းတွေမှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ အဲဒီအတွက် ကျွန်မအနေနဲ့ တစ်ဖက်တစ်လမ်းက ကူညီမယ်ဆိုတဲ့စိတ်နဲ့ ဆရာတော်ကြီးများကို ဓာတ်စာ လှူဒါန်းရာက အစပြုပြီး ဆရာတော်တွေရဲ့ ပြန်လည်ကောင်းမွန်လာတဲ့ ကောင်းသတင်းတွေကြောင့် လင်ဇီးဓာတ်စာဟာ မြန်မာနိုင်ငံမှာ ပြန့်ပွားခဲ့တာ ဖြစ်ပါတယ်။

ကျွန်မတို့ ရှိုင်းဟုပ်လုပ်ငန်းဟာ အင်မတန်ကောင်းမွန်တဲ့ ထုတ်ကုန်ကို အခြေခံပြီး ပြီးပြည့်စုံတဲ့ ဘဝအခြေအနေကို ပြောင်းလဲပေးနိုင်တဲ့ လုပ်ငန်းတစ်ခုနဲ့ ပေါင်းစပ်ဝန်ဆောင်ရတာ ဖြစ်ပါတယ်။ ရှိုင်းဟုပ်ရဲ့ ယဉ်ကျေးမှုဟာ ကုသိုလ်တရားပဲ ဖြစ်ပါတယ်။

ကျွန်မတို့ မိသားစုသည် ထေရ၀ါဒ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်သူများဖြစ်၍ ဆရာတော်များ၏ သွန်သင်ညွှန်ကြားမှုကြောင့် ဒါနနှင့် ကုသိုလ်ရေးဆိုင်ရာ ယုံကြည်စိတ်များ ထက်သန်ခဲ့ပါသည်။ (၁၉၉၆)ခုနှစ် ဇန်န၀ါရီလတွင် ကျွန်မ၏ မိခင်နှင့်အတူ မြန်မာပြည်သို့ လာရောက်၍ တရားစခန်းဝင်ပြီး ၀ိပဿနာ တရားများ ပွားများ အားထုတ်ခဲ့ပါသည်။ ထိုအခါ ကျွန်မသည် ထေရ၀ါဒဗုဒ္ဓ သာသနာတော် တည်တံ့ပြန့်ပွားရေးတွင် အဓိကကျသည့် သာသနာ့ဝန်ဆောင် ဆရာတော်၊ သံဃာတော် မထေရ်ကြီးများတွင် အချို့သည် ရောဂါဝေဒနာများ စွဲကပ်၍ မကျန်းမာမှုကြောင့် သာသနာတော် ထွန်းကားပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက်တော် မူကြရာတွင် စိတ်သွားတိုင်း ကိုယ်မပါသဖြင့် ကြောင့်ကြတော်မူကြသည်ကို တွေ့ခဲ့ရပါသည်။

ရှိုင်းဟုပ်ရဲ့ ယဉ်ကျေးမှုဟာ ကုသိုလ်တရားပဲ ဖြစ်ပါတယ်။ ဒီကုသိုလ်တရားမှာ မေတ္တာတရား၊ ကျေးဇူးတရားနဲ့ ဂါရဝတရားတွေ ပါဝင်နေပါတယ်။

ကျွန်မဟာ ရှိုင်းဟုပ်ရဲ့ ယဉ်ကျေးမှုအတိုင်း လူတွေအားလုံးကို ကုသိုလ်တရားတွေ အစဉ်အမြဲ ရရှိစေချင်ပါတယ်။ ကျွန်မတို့ရဲ့ ရှိုင်းဟုပ်လုပ်ငန်းဟာလည်း ဗြဟ္မစိုရ်တရားတွေကို အခြေခံပြီး ကုသိုလ်စိတ်နဲ့ လုပ်မှ အောင်မြင်နိုင်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန ဆိုတဲ့ ကိလေသာတွေနဲ့ လုပ်လို့ ဘယ်လိုမှ မအောင်မြင်နိုင်ပါဘူး။ အမှန်တကယ် အများအတွက်ဆိုတဲ့ ပရဟိတစိတ်၊ မေတ္တာစိတ်၊ ကုသိုလ်စိတ်တွေနဲ့ လုပ်ဆောင်မှသာ အောင်မြင်ကြမှာပါ။ ဒါတွေကလည်း ကမ္ဘာလောကတစ်ခုလုံးမှာ အင်မတန်မှ လိုအပ်နေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ နောင်လာမယ့် အနာဂတ်နေ့ရက်တွေအတွက် စိန်ခေါ်မှုတွေနဲ့အတူ အားလုံးကို ဖိတ်ခေါ်ချင်ပါတယ်။ အဲဒါကတော့ . . . . .

ရှိုင်းဟုပ်ကို သေသေချာချာ နားလည်သိရှိအောင် လေ့လာပါ။
ကျွန်မတို့မှာ လူတွေ၊ ဘဝတွေ၊ ပတ်ဝန်းကျင်တွေ အားလုံးအတွက်
တကယ့်ကို စိတ်စေတနာကောင်းတဲ့ ကုသိုလ်ရှင်တွေ အများကြီးလိုအပ်နေပါတယ်။
ဒါကြောင့် ကျွန်မတို့အားလုံး အတူလျှောက်လှမ်းရင်း လောကကို ကောင်းကျိုးပြုကြပါစို့။

ဒေါက်တာ ခင်ခင်ရီ