Testimonials /

Benign Prostatic Hyperplasia (BPH)

ဆီးကျိတ်ရောင်ခြင်း၊ (ဒူးနာ၊ ခေါင်းအုံ၊ ၀မ်းချုပ်၊ အကြောတက်)

အမည် ဦးမြင့်လွင်
အသက် ၇၀ နှစ်
နေရပ် မင်္ဂလာတောင်ညွန့်၊ ရန်ကုန်၊ မြန်မာ
ခံစားရသောဝေဒနာ ဆီးကျိတ်ရောင်ခြင်း၊ (ဒူးနာ၊ ခေါင်းအုံ၊ ၀မ်းချုပ်၊ အကြောတက်)

ကျွန်တော် ခံစားခဲ့ရတာကတော့ ဆီးကျိတ်ရောင်ရောဂါပါပဲ။ ၁၉၉၉ ခုနှစ်လယ်လောက်မှာ ကျွန်တော် ဗိုက်ကို အာလ်ထရာဆောင်း ultrasound ရိုက်ကြည့်တော့ မမျှော်လင့်ဘဲ ဆီးကျိတ်ရောင်ရောဂါ ရှိတယ်ဆိုတာ သိခဲ့ရတယ်။

၁၉၉၉၊ ဒီဇင်ဘာလက စပြီး လင်ဇီး တစ်ဝက်၊ ပန်းဝတ်မှုန် (၁) တောင့်ကို (၁) နှစ်၊ လင်ဇီး (၁) တောင့်၊ ပန်း ၀တ်မှုန် (၂)တောင့်ကို (၃)လ၊ လင်ဇီး (၂)တောင့်၊ ပန်းဝတ်မှုန် (၄)တောင့်ကို (၃)လ တိုးလိုက်၊ လျော့လိုက် လုပ်ပြီး သောက်ရပါတယ်။

တုံ့ပြန်မှုက လက်ကောက်ဝတ်မှ တစ်ထောင်ဆစ်အထိ ကိုက်တယ်။ ဆီးစပ်ကိုက်တယ်။ ဆီးများတယ်။ ခါးကိုက်တယ်။ ဆီးနံ့က ပြင်းတယ်။ ၀မ်းချုပ်ပါတယ်။ ယခုဆို ဆီးကျိတ်ရောင်တာ သက်သာ ကောင်းမွန်ပြီး ဆီးသွားရတာလည်း အဆင်ပြေ လာပါပြီ။

ယခုဆို လင်ဇီး(၂)တောင့်၊ ပန်းဝတ်မှုန် (၂)တောင့်ကို နေ့စဉ် စားသုံးခဲ့ပါတယ်။ ဒီဓာတ်စာကို ဆီးကျိတ်ရောင်လို့ စားခဲ့ပေမယ့် တခြားရောဂါတွေဖြစ်တဲ့ အစာမကြေ၊ ၀မ်းချုပ်၊ အကြောတက်၊ ဒူးနာ၊ ခေါင်းအုံတာတွေပါ သက်သာကောင်းမွန် သွားပါတယ်။